Posts

Showing posts from November, 2021

သင်သည် ပညတ်တရား၏ကျွန်ဖြစ်သလော။

  သင်သည် ပညတ်တရား၏ကျွန်ဖြစ်သလော။   ဂလာတိ ၃ : ၁၅ - ၁၇ 『   ညီအစ်ကိုတို့၊ လောကီဝေါဟာရအားဖြင့် ငါပြောမည်။ လူသော်လည်း ဝန်ခံစာကိုချုပ်ပြီးမှ အဘယ် သူမျှမပယ်ရ။ ထပ်ဆင့်၍စကားကို မသွင်းရ။   ဂတိတော်တို့ကို အာဗြဟံနှင့် သူ၏အမျိုးအနွယ်၌ ထားတော်မူ၏။ အမျိုးအနွယ်တို့ဟု အများသောသူ တို့ကိုရည်မှတ်၍ မိန့်တော်မူသည်မဟုတ်။ သင်၏ အမျိုးအနွယ်ဟု တယောက်သောသူကို ရည်မှတ်၍ မိန့်တော်မူ၏။ ထိုတယောက်သောသူကား ခရစ်တော်ဖြစ်သတည်း။   ငါဆိုသည်ကား၊ ခရစ်တော်ကိုရည်မှတ်၍ ဘုရားသခင်တည် စေတော်မူနှင့်သောပဋိညာဉ်တရားကို အနှစ်လေးရာသုံးဆယ်လွန်ပြီးမှ နောက်ဖြစ်သော ပညတ်တရားသည်မပယ်နိုင်။ ဂတိတော်ကို အချည်းနှီးမဖြစ်စေနိုင်။ 』 အပြစ်ရှိသောလူသားများသည် ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်စွာကယ်တင်ခြင်းခံရသော ဧဝံဂေလိတရား၏အမှန်တရားသည် ခရစ်ယာန်ဘာသာ၏အရေးကြီးဆုံးသောအချက်ဖြစ်သည်။ ရှင်ပေါလုသည် ကားတိုင်ပေါ်တွင် အသေခံခဲ့သော ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်သားများ ဖြောင့်မတ်ရာသို့ ရောက်ရခြင်းသည် ဧဝံဂေလိတရား၏ အမှန်တရားအတွက် လူသား၏ ကုသိုလ် သို့မဟုတ် အားထုတ်မှုအား...